ပွင့်ဖြူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာများအတွက် အရေးပေါ် အောက်ဆီဂျင်လိုအပ်ပါက အသုံးပြုနိုင်ရန် အောက်ဆီဂျင်အိုး အလုံးရေ ၁၀၀ ကျော် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်ပိုးအတည်ပြုလူနာများအတွက် အရေးပေါ်အောက်ဆီဂျင်လိုအပ်လာပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံတွင် ၄၀ လီတာ အောက်ဆီဂျင်အိုးကြီး ငါးလုံး၊ ၂၀ လီတာ အောက်ဆီဂျင်အိုးသေး ငါးလုံး ၊ မဲဇလီတိုက်နယ်ဆေးရုံတွင် ၄၀ လီတာ အောက်ဆီဂျင်အိုးကြီး ငါးလုံး၊ ကုန်းဇောင်းတိုက်နယ်ဆေးရုံတွင် ၄၀ လီတာ အောက်ဆီဂျင်အိုးကြီး ငါးလုံး၊ လူမှုရေးအသင်းအဖွဲ့ ၂၉ ဖွဲ့တွင် ၄၀ လီတာ အောက်ဆီဂျင်အိုးကြီး ၄၈ လုံး၊ ၂၀ လီတာ အောက်ဆီဂျင်အိုး လေးလုံး၊ ၁၀ လီတာ အောက်ဆီဂျင်အိုး ၅၄ လုံး စုစုပေါင်း အောက်ဆီဂျင်အိုး ၁၂၆ လုံး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ယာယီဥက္ကဋ္ဌ ဦးတင်မြင့် ထံမှ သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)


