ပွင့်ဖြူ ၆ ဩဂုတ်
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်းနှင့် အချက်အလက်ကောက်ယူမှုလုပ်ငန်းအား ဇူလိုင် ၂၉ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စာရင်းကောက်ယူပြီးစီးမှု ၃၃ ရာခိုင်နှုန်းခန့် ကောက်ယူပြီးစီး သွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကော်ရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိကာ အိမ်ထောင်စု ၄၃၃၁၆ စု ၊ လူဦးရေ ၁၈၀ဝ၀ဝ ကျော်ခန့် ရှိကြောင်း သိရပြီး၊ လူဦးရေစာရင်းနှင့် အချက်အလက်ကောက်ယူခြင်း လုပ်ငန်းအား စာရင်းကောက်ကွက်အဖွဲ့ပေါင်း ၁၆၈ ဖွဲ့ဖြင့် ကွင်းဆင်းကောက်ယူလျက်ရှိရာ ယခုလက်ရှိတွင် ၃၃ ရာခိုင်နှုန်း ခန့် စာရင်းကောက်ယူရရှိပြီးဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီကောက်ယူပြီးစီးနိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်း ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာစိုး ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


