ပွင့်ဖြူ   ၂၀ ဩဂုတ်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်၍ လူဦးရေစာရင်းနှင့် အချက်အလက် ကောက်ယူမှုလုပ်ငန်းအား ဇူလိုင် ၂၉ ရက်မှစတင်၍ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာများတွင် ကွင်းဆင်းကောက်ယူခဲ့ရာ ယနေ့တွင် စာရင်းကောက်ယူပြီးစီးမှု ၉၇ ရာခိုင်နှုန်း ကောက်ယူပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

11

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေးနှင့် မဲဆန္ဒရှင်စာရင်းများ မကျန်စေရေးအတွက် ကြိုတင်၍ လူဦးရေစာရင်းနှင့် အချက်အလက်များ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိပါတယ်။ လူဦးရေစာရင်းနှင့် အချက်အလက် ကောက်ယူခြင်းလုပ်ငန်းကိုတော့ ဇူလိုင် ၂၉ ရက် နေ့က စတင်ပြီး စာရင်းကောက်ကွက် အဖွဲ့ပေါင်း ၁၆၈ ဖွဲ့ဖြင့် ကွင်းဆင်းကောက်ယူ ဆောင်ရွက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ မြို့နယ်အနေနဲ့ စာရင်းကောက်ယူပြီးစီးမှု ၉၇ ရာခိုင်နှုန်းခန့် ကောက်ယူပြီးစီးသွားပြီဖြစ်ပြီး စာရင်းကောက်ယူရန် ကျန်ရှိမှုအနေနဲ့ ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာအုပ်စုနဲ့ ကျောင်းတော်ရာကျေးရွာအုပ်စုတို့ပဲ ကျန်ရှိတာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ကျေးရွာအုပ်စု (၂)အုပ်စုကိုလည်း စာရင်းကောက်ယူရန် သတ်မှတ်ကာလဖြစ်တဲ့ ဩဂုတ်လကုန် အပြီးကောက်ယူသွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိကာ အိမ်ထောင်စု ၄၃၃၁၆ စု၊ လူဦးရေ ၁၈၀ဝ၀ဝ ကျော်ခန့်ရှိပြီး လူဦးရေစာရင်းနှင့် အချက်အလက် ကောက်ယူခြင်းလုပ်ငန်းကို စာရင်းကောက်ကွက် အဖွဲ့ပေါင်း ၁၆၈ ဖွဲ့ဖြင့် ကွင်းဆင်းကောက်ယူလျက်ရှိရာ ယနေ့တွင် ၉၇ ရာခိုင်နှုန်း စာရင်းကောက်ယူရရှိပြီး ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ကောက်ယူပြီးစီးနိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)