ပွင့်ဖြူ       ဩဂုတ်     ၄

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ လျာထားဧက ပြည့်မီစေရေး အတွက် ဇူလိုင်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၂၉၉၄၉ ဧက စိုက်ပျိုး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခ  ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါး၊ ဖူးစားပြောင်း၊ နှံစားပြောင်း ၊ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ဝါသီးနှံ ၊ ပဲမျိုးစုံသီးနှံနှင့် အခြား စားဖိုဆောင်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် စိုက်ပျိုးသမျှသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)