ပွင့်ဖြူ ၂၄ ဇူလိုင်       

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွှေလှေစုကျေးရွာတွင် မိုးရာသီ မြစ်/ချောင်းကမ်းပြိုကျမှု ကာကွယ်ရေး စီမံချက်ဖြင့် ဗာတီဗာမြက်မျိုးများ စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မုန်းချောင်းဘေးတစ်လျှောက်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးရာတွင် ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများက ရွှေလှေစုကျေးရွာရှိ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး မုန်းချောင်းဘေးတစ်လျှောက် ဗာတီဗာမြက်မျိုး ပျိုးပင်ရေ ၇၅၀ အား မိုးရာသီကာလ ကမ်းပြိုကျမှုအန္တရာယ် လျော့နည်းသက်သာ စေရေးအတွက် စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် မြစ်/ချောင်းကမ်းပြိုကျမှု ကာကွယ်ရေး စီမံချက်ဖြင့် ဗာတီဗာမြက်မျိုးများ စိုက်ပျိုးခြင်းကို မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာဖြစ်သည့် ရွှေလှေစုကျေးရွာအပါအဝင် ရွာသစ်ကျေးရွာ၊ အင်းဒေါင်းကျေးရွာ၊ ညောင်ပင်ရွာကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဂွေ့ကျေးရွာတို့တွင် ပြည်သူများနှင့်ပူးပေါင်းကာ ဗာတီဗာမြက်မျိုးများ စိုက်ပျိုးပေးခဲ့ပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)