ပွင့်ဖြူ ၊  ၂၆  ဒီဇင်ဘာ    
    
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၂၆ ရက်  မွန်းလွဲ ၁ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ၏ လမ်းညွှန်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟက အနီးကပ်ကြီးကြပ်၍ ဒုတိယမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုမဖြစ်စေရေး အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်နိုင်ရေးအတွက် သဘာဝဘေးနှင့် ငလျင်ဘေးအန္တရာယ်များ မကျရောက်မီ ဆောင်ရွက်ရန်လုပ်ငန်း များ၊ ကျရောက်ချိန်နှင့် ကျရောက်ပြီးချိန်များတွင် ကြိုတင်နှိုးဆော်ခြင်း၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် သတိရှိစွာနေထိုင်နည်းနှင့် ငလျင်လှုပ်မှုဖြစ်ပွားပြီးနောက် ရှာဖွေကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပုံများ၊ ရှာဖွေ ကယ်ဆယ်ရေးပြုလုပ်နိုင်ရန်အတွက် ဆက်စပ်ပစ္စည်းများ အသုံးပြုနည်းစနစ်များ စသည်တို့ကို သရုပ်ပြ လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ထံက သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)