ပွင့်ဖြူ ၁၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဇွန် ၁၇ ရက် နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ပဲကြော်လုပ်ငန်းလုပ်ကိုင်ကြသည့် အရောင်းဆိုင်များသို့ သွားရောက်ပြီး စားသုံးပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းပညာပေးရာတွင် ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာတာဝန်ခံ ဦးအောင်ဖြိုးဝေနှင့် ဝန်ထမ်းများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာရှိ ပဲကြော်လုပ်ငန်း လုပ်ကိုင်သည့် အရောင်းဆိုင်များသို့ သွားရောက်ပြီး ပဲကြော်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ စားသုံးသူပြည်သူလူထု ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ဌာနမှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်တံဆိပ်များ ဖော်ပြပါရှိရေးနှင့် သန့်ရှင်းလတ်ဆပ်သော စားသောက်ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောပြီး ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည့် ပဲကြော်များ အရည်အသွေး ပြည့်မီမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


