ပွင့်ဖြူ မတ် ၁၀

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဈေးကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ပွင့်ဖြူမြို့မဈေးကြီး၌ ဈေးသူ ဈေးသားများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ပြောကြားပြီး လျှပ်စစ်ဝိုင်ယာကြိုးများ အရည်အသွေးကောင်းမွန်မှု ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးကာ ဈေးပိတ်ချိန်တွင် လျှပ်စစ်မီးခလုတ်များကို စနစ်တကျပိတ်ထားရန် အကြံပြု ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)