ပွင့်ဖြူ၊ ၁ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု မဖြစ်စေရေးအတွက် မေ ၃၁ ရက်က မင်းဘူး(စကု)မြို့နယ် ၃၃ ကေဗွီ မန်းစက်ရုံမှ ပို့လွှတ်သော စကုထနောင်းတော - ပွင့်ဖြူ - စလင်း ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း၍ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်စေရေးအတွက် မင်းဘူး(စကု)မြို့နယ် ၃၃ ကေဗွီ မန်းစက်ရုံမှ ပို့လွှတ်သော စကုထနောင်းတော - ပွင့်ဖြူ - စလင်း ဓာတ်အားလိုင်းတစ်လျှောက် လျှပ်စစ်ဓာတ်အားယူနစ်များ အပိုင်းအလိုက် ပျောက်ဆုံးမှု တွက်ချက်နိုင်ရန် 33kV Metering Out Fit (MOF) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ လျော့ကျနေသော ဓာတ်အားလိုင်းများ ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံမှ သိရသည်။   

ရဲဝင်းနိုင်(ညောင်ဦး)