ပွင့်ဖြူ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ သမဝါယမအသင်းသားများအား မျိုးနှင့်သွင်းအားစုများ ပေးအပ်ပွဲကို ဇွန် ၂၈ ရက်က လက်ပနွယ်ကျေးရွာ ရွှေနွယ်မြေလယ်/ထွေ သမဝါယမ အသင်းဥက္ကဋ္ဌနေအိမ်၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ဦးက မျိုးနှင့်သွင်းအားစုများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက လက်ပနွယ်ကျေးရွာ ရွှေနွယ် မြေလယ်/ထွေသမဝါယမအသင်းမှ အသင်းသား ၂၁ ဦးအား တစ်ဧကလျှင် ငွေကျပ် ၃၀၄၅၀၀ နှုန်းဖြင့် မိုးစပါးစိုက်ဧက ၆၅ ဧကအတွက် စုစုပေါင်း ပံ့ပိုးငွေကျပ် ၁၉၇ ဒသမ ၉၂၅ သိန်းနှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


