ပွင့်ဖြူ   ဩဂုတ်   ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့်ကာလ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာဘုရားအနီးတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာခြင်း မရှိသော ပြည်သူများကို ကြပ်မတ်စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ပူးပေါင်းအဖွဲ့က Stay at Home စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာစေရေး ဒေသခံပြည်သူများကို အသိပညာပေးခြင်းများဆောင်ရွက်ကာ စည်းကမ်းလိုက်နာမှုမရှိသော ပြည်သူများကို ဒဏ်ငွေ ပေးဆောင်စေပြီး အရေးယူဆောင်ရွက်ခဲ့ကြသည်။ 

ရဲဝင်းနိုင် (ညောင်ဦး )