ပွင့်ဖြူ  ဇွန်     ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်အကြောင့် ထိခိုက်ပျက်စီးခဲ့သည် သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇွန် ၂၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဉတ္တမ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာမှ မိုးစပါး ၁၅၃၂ ဧက အတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၀၀၀၀ နှုန်း ကို လည်းကောင်း၊ နွေစပါး ၆ ဧက အတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၂၅၀၀၀၀ နှုန်းကို လည်းကောင်း၊ မိုးပဲတီစိမ်း ၁၀ ဧက အတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀ နှုန်းကို လည်းကောင်း၊ နွေနှမ်း ၁၉၈ ဧကအတွက် တစ်ဧကလျှင် ထောက်ပံ့ငေွကျပ် ၅၀၀၀၀ နှုန်းကို လည်းကောင်း စုစုပေါင်း သီးနှံထောက်ပံ့ငွေကျပ် ၂၆၇၇၀၀၀ အား တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ပြန်/ဆက်)

mdn