ပွင့်ဖြူ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ထောပတ်ပဲသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၇၇၃၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ၉၆၂၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်း စားရေရိက္ခာဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားရေးအတွက် ထောပတ်ပဲသီးနှံ ၇၇၃၂ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ထောပတ်ပဲ ၉၆၂၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)