ပွင့်ဖြူ   ၂၃    နိုဝင်ဘာ

       

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြုပေးမည်ဖြစ်ရာ နိုဝင်ဘာ ၂၂ ရက် ၊ နံနက် ၈ နာရီခွဲက စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားမှု ရှိ/ မရှိတို့ကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဌ ဦးအောင်မျိုးဆက် တို့က ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက် ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၁၀) ဆိုင်၊ ပွင့်ဖြူမြို့နယ် ဉယျာဉ်ကျစ်ကျေးရွာအုပ်စု ၊ ရှောက်တော ကျေးရွာရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၅)ဆိုင် တို့အား ကွင်းဆင်းသွားရောက်ပြီး ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချ ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေးပြီး ဆိုင်ရှင်နှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင် ပြင်ဆင်ဆောင်ရွက် ထားရှိရမည့် အချက်များနှင့် လိုက်နာရမည့်အချက်များ ၊ အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေး လုပ်ငန်းများ အစရှိသည့် ဆိုင်များဖွင့်လှစ်ရာတွင် လိုက်နာရမည့်အချက်များကို ပညာပေးရှင်းလင်းဆွေးနွေးကာ သိရှိကြောင်း လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံက သိရသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )