ပွင့်ဖြူ ဇူလိုင် ၂၃
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၁၄၇/၂၀၂၁)ဖြင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအမိန့်အရ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်တွင် အကျဉ်းသား ၁၁ ဦးအား အမှုပိတ်သိမ်း၍ ပြန်လည်လွှတ်ပေးခဲ့သည်။
အဆိုပါအမိန့်ဖြင့် ပြန်လည်လွတ်မြောက်သူ အကျဉ်းသားများကို ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ယာယီဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမင်းပိုင်စိုးနှင့် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြားပြီး အမှုအား ပိတ်သိမ်း၍ ပွင့်ဖြူမြို့မရဲစခန်းရှိ အချုပ်ခန်းမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)


