ပွင့်ဖြူ ဩဂုတ် ၂၂

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း (၆)ကျောင်းတွင် မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ဩဂုတ် ၁၈ ရက်ကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ 

 

ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများမှာ သံကိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သိမ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ဇီးကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကံလှကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ကူကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ဖြစ်ပြီး မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း၊ မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ စနစ်တကျ  ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံက သိရသည်။  

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)