ပွင့်ဖြူ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆၁) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နေရပ်ပြန်လာသူများ၊ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက အပတ်စဉ်(တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)နေ့ များတွင် RDT (Test Kits) ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် Stay at Home မြို့နယ်များမှ နေရပ်ပြန်လာသူများနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူ (၁၀၄)ဦးအား စစ်ဆေးရာခဲ့ရာ (၆၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၄၃)ဦးမှာ ပိုးမတွေ့ရှိဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း Quarantine Centre တွင်ထားရှိပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဇွန် ၂၉ ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူဦးရေ (၂၈၉)ဦးရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၆ ဦးရှိပြီး ပိုးတွေ့လူနာ ၂၂၃ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)


