ပွင့်ဖြူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦတွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အခြေခံ အဆောက်အအုံလုပ်ငန်းဖြစ်သည့် ခြံစည်းရိုး ပြုလုပ်ခြင်း လုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာ အဆောက်အဦတွင် ထည့်သွင်းတည်ဆောက်နေသည့် ခြံစည်းရိုးလုပ်ငန်းမှာ ရှေ့ခြံစည်းရိုး အရှည်ပေ ၃၀၀ (Hollow + Brick) ပြုလုပ်ခြင်း၊ ဘေးခြံစည်းရိုး အရှည်ပေ ၄၀၀ (Chain Link) ပြုလုပ်ခြင်း၊ နောက်ခြံစည်းရိုး အရှည်ပေ ၃၀၀ ပေ(Chain Link) ပြုလုပ်ခြင်းနှင့် ကွန်ကရစ်လမ်း အရှည်ပေ (၃၆၈ ပေ × ၁၈ ပေ × ၈ လက်မ ) ပြုလုပ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းအရှည်ပေ(၇၃၆ ပေ × ၂ ပေ × ၂ ဒသမ ၅ ပေ ) ဆောင်ရွက်ခြင်း၊ Box Culvert (၂၀ ပေ × ၃ ဒသမ ၅ ပေ × ၄ ပေ ) ဆောင်ရွက်ခြင်း ၊ ကားပါကင်(၂၇ ပေ × ၁၅ ပေ × ၉ ပေ ) ဆောင်ရွက်ခြင်း ၊ ကွန်ကရစ် အခင်းခင်းခြင်းလုပ်ငန်း(၅၄ ပေ × ၁၅ ပေ) ဆောင်ရွက်ခြင်းတို့ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၈၈၆၁၄၀၀၀)ဖြင့် မကွေးမြို့၊ ခိုင်ထူး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်နေသည့်လုပ်ငန်းမှာ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ စက်တင်ဘာ ၁၅ ရက်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦတွင် ထည့်သွင်း တည်ဆောက်နေသည့် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၇ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများက လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကြိုးပမ်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ရဲဝင်းနိုင် (ညောင်ဦး)


