၅ ဩဂုတ်
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် သေရည်အရက်အတုများ သောက်သုံးမှုကြောင့် လူ ခုနစ်ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ ၁၁၁ ဦး ရှိလာကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါသေဆုံးသူ ၁၁၁ ဦး တွင် တန်တာရန်မြို့မှ ၈၃ ဦး၊ အာမစ်ဆာမှ ၁၅ ဦး၊ ဘာတလာမှ ၁၃ ဦး တို့ဖြစ်သည်။
အရက်အတုရောင်းဝယ်ရာတွင် ပါဝင်သည့် မည်သူမဆို အရေးယူမည်ဟု ပန်ဂျပ်ဝန်ကြီးချုပ် အာမာရင်ဒါ ဆင်းက ယမန်နေ့က ပြောကြားခဲ့သည်။
အရက်အတုသောက်သုံးမှုကြောင့် သေဆုံးခဲ့ရမှုတွင် ပါဝင်ပတ်သက်သူ နိုင်ငံရေးသမား သို့မဟုတ် ပြည်သူ့ဝန်ထမ်း ဖြစ်စေ မည်သူမဆို အရေးယူခံရမည် ဖြစ်ကြောင်း အာမာရင်ဒါ ဆင်းက ဗွီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အာမာရင်ဒါ ဆင်းက အရက်အတုရောင်းဝယ်ရာတွင် ပါဝင်သောသူများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့တစ်ခုလုံးကို တာဝန်ပေးအပ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို