ပါရီ  ဇွန်  ၂၃

ဥရောပဒေသတွင်   ပြင်းထန်သောအပူလှိုင်းဖြတ်သန်းမှုဖြစ်ပွားနေပြီး ပြင်သစ်နိုင်ငံ၌ အပူချိန်လွန်ကဲမှုကြောင့် ကလေးငယ်များအပါအဝင် ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန် ၂၂ ရက်တွင်  စပိန်နိုင်ငံတောင်ပိုင်း ဟာအန်းမြို့၌  စံချိန်တင် အပူချိန် ၄၅ ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး ပြင်သစ်နိုင်ငံအလယ်ပိုင်း ရှဲရ်ခရိုင်၌ ၄၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ်၊ ပေါ်တူဂီနိုင်ငံမြောက်ပိုင်း  မီရန်ဒဲလားမြို့၌ ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် အသီးသီးရှိခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံတွင်လည်း  ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေကူးရာမှဖြစ်ပွားသည့် မတော်တဆမှုများကြောင့်  လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။ လာမည့်ရက်များအတွင်း အပူချိန်ကျဆင်းမည့်   လက္ခဏာများ  မတွေ့ရသေးကြောင်းနှင့်  ဒေသအချို့တွင်  အပူချိန် ၄၀ ဒီဂရီဆဲလ် စီးယပ်စ်ဝန်းကျင်အထိ မြင့်တက်လာနိုင်ကြောင်း ဂျာမနီမိုးလေဝသဌာန တာဝန်ရှိသူများက သတိပေးထားသည်။          

အင်န်အိတ်ချ်ကေ