၂၈ ဩဂုတ်
ပြင်သစ်ဝန်ကြီးချုပ်က နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်မားလာသဖြင့် ပဲရစ်မြို့တွင် ဩဂုတ် ၂၈ ရက်နေ့မှ စတင်ကာ မျက်နှာဖုံးများ တပ်ဆင်ရန် ဉပဒေပြဌာန်းလိုက်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် နှာခေါင်းစည်းများ မတပ်ဆင်ပါက ရောဂါကူးစက်ခံရသူ အရေအတွက်မှာ အဆများစွာ မြင့်တက်လာနိုင်သည်ဟု ဂျင်းကတ်တက် က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။
ပဲရစ်မြို့တော်တွင် နေထိုင်သူတိုင်း ဩဂုတ် ၂၈ ရက်နေ့ မနက် ၈ နာရီမှ စတင်ကာ အပြင်ထွက်လျှင် နှာခေါင်းစည်းများ တပ်ဆင်ရမည်။
ပဲရစ်မြို့ လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်ရန် လိုအပ်သည်။
နွေရာသီ အားလပ်ရက်များ ကုန်ဆုံးပြီးနောက် ရုံးများနှင့် စာသင်ကျောင်းများသို့ လူအများ ပြန်သွားရန် ပြင်ဆင်နေချိန်တွင် ယင်းကဲ့သို့ နှာခေါင်းစည်း တပ်ဆင်ရန် စီမံချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဩဂုတ်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၀ဝ ကျော် ထပ်မံတွေ့ရှိခဲ့သည်။
အခြားဉရောပမြို့ကြီးများတွင်လည်း ကူးစက်မှုများ မြင့်တက်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို