၁၁ ဒီဇင်ဘာ

 

 

ပြင်သစ်နိုင်ငံမှာ သီတင်း ခြောက်ပတ်ကြာ ထုတ်ပြန်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းဟာ လာမယ့် အင်္ဂါနေ့မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ညမထွက်ရ အမိန့် (ည ၈ နာရီမှ နံနက် ၆ နာရီအထိ) ကို ဆက်လက် ထုတ်ပြန်ထားမှာဖြစ်ကြောင်းနဲ့ အဲဒီအမိန့်ဟာ  နှစ်သစ်ကူးညမှာပါ သက်ဝင်မှာဖြစ်ကြောင်း  ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

 

 

ဝန်ကြီးချုပ် ဂျွန် ကတ်စ်တက်စ်က နှစ်ကုန်ပိုင်းမှာ ကျရောက်မယ့် ပိတ်ရက်တွေအတွက် ခရစ္စမတ် အချိန်မှာ မိသားစုတွေ ခရီးသွားလာခွင့်ကို ခွင့်ပြုသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

 

ဒါပေမယ့် ပြတိုက်တွေ၊ ကဇာတ်ရုံတွေ၊ ရုပ်ရှင်ရုံတွေနဲ့ ဘောလုံးပွဲတွေကို သီတင်း သုံးပတ် ဆက်လက် ပိတ်ထားမှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

 

 

ဝန်ကြီးချုပ် ကတ်စ်တက်စ်က ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ဒုတိယအကြိမ် အသွားအလာ ကန့်သတ်ခဲ့ပေမယ့်  အခုချိန်မှာ အခြေအနေက တိုးတက်တယ်ဆိုယုံမျှသာ ဖြစ်ကြောင်း ပြောပါတယ်။

 

 

ကျန်းမာရေးဝန်ကြီးကလည်း အောက်တိုဘာလ ကုန်ပိုင်းက နေ့စဉ် ပိုးသူတွေ့ပမာဏဟာ ၁၀,၀၀၀ ဝန်းကျင်ကနေ အခုချိန်မှာ နေ့စဉ်ပိုးတွေ့သူဟာ ၅,၀၀၀ နီးပါး အထိသာ ကျဆင်းတာကို တွေ့ရကြောင်း ပြောပါတယ်။ နိုင်ငံက ဒုတိယလှိုင်း အတွင်းမှာ ဆက်ရှိနေသေးကြောင်း သတိပေးပါတယ်။

 

 

ညမထွက်ရ အမိန့် (ည ၈ နာရီမှ နံနက် ၆ နာရီ) ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ချွင်းချက်အနေနဲ့ ခွင့်ပြုသွားမှာ ဖြစ်ပေမယ့် နှစ်သစ်ကူးနေ့မှာတော့ ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။

 

 

ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ခရစ္စမတ်ပွဲတော် ကျင်းပရန် နေအိမ်တွေမှာ လူ ၆ ဦးအထိ စုဝေးခွင့်ရှိကြောင်း သိရပါတယ်။

 

 

နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေ ပြန်လည်လည်ပတ်ခွင့် ပြုခဲ့ပေမယ့် ဘားတွေနဲ့ စားသောက်ဆိုင်တွေဟာ ဆက်လက် ပိတ်ထားဆဲ ဖြစ်ပါတယ်။ နိုင်ငံသားတွေဟာလည်း နေအိမ်ကနေ အပြင်ထွက်လျှင် ကိုယ်တိုင်လက်မှတ်ထိုးပြီးမှသာ ထွက်ခွင့်ရကြောင်း သိရပါတယ်။

 

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၅၆,၉၄၀ ဦးရှိပြီး ရောဂါပိုး ကူးစက်ခံရသူ ၂,၃၃၇, ၉၆၆ ဦးရှိကြောင်း ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn