ရန်ကုန်၊    ၁၀    ဒီဇင်ဘာ

 

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည်  ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်း  Mr. Valery Giscard  d’ Estaing ကွယ်လွန်သွားသည့်အတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်(၁၀၂) ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌ ယနေ့မွန်းလွဲ(၂)နာရီတွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးသည်။

 

ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်းသည်  ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ပြင်သစ်နိုင်ငံ၏ (၃)ဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် (၉၄)နှစ်ဖြစ်ကြောင်း သိရှိရသည်။   

 

(သတင်းစဉ်)