၂၃ ဒီဇင်ဘာ

 

 

ပြင်သစ်နိုင်ငံက ဗြိတိန်နိုင်မှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ်တွေ့ရှိတဲ့အတွက် နှစ်နိုင်ငံ ဆက်သွယ်ရေး လမ်းကြောင်း တွေ ယာယီ ပိတ်ထားရာကနေ ဗုဒ္ဓဟူးနေမှာ ပြန်ဖွင့် ပေးမယ်လို့ အင်္ဂါနေ့က ကြေညာပါတယ်။

 

 

ပြင်သစ်နိုင်ငံသား၊ ပြင်သစ်နိုင်ငံမှာ နေထိုင်တဲ့ ဗြိတိန်နိုင်ငံသားတွေနဲ့ နှစ်နိုင်ငံကြား အသွားအပြန် လုပ်ဆောင်နေရ သူများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးထားတဲ့ ဆေးမှတ်တမ်း ရှိခဲ့ရင် ဝင်ရောက်ခွင့်ရှိကြောင်း ပြင်သစ်ဝန်ကြီးချုပ်ရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

 

 

နှစ်နိုင်ငံကြားကို သွားလာနေတဲ့ ကုန်တင်ကားတွေဟာ အင်္ဂလန် အရှေ့တောင်ပိုင်းရှိ ကန့်ဒေသဝန်းကျင်မှာ တနင်္ဂနွေက စပြီး သောင်တင်နေတဲ့အတွက် ဗြိတိန်နိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ စစ်သားတွေပါ ပါဝင်ပြီး ဗိုင်းရပ်စ်ပိုးစစ်ဆေးပေးနေတာကို တွေ့ရပါတယ်။

 

 

ပြင်သစ်နိုင်ငံကို ဝင်ရောက်ရန်အတွက် ၇၂ နာရီအတွင်း ဗိုင်းရပ်စ်ပိုး စစ်ဆေးထားတဲ့ ထောက်ခံစာပါရှိရန် လိုအပ်ကြောင်း သိရပါတယ်။

 

 

ပြင်သစ်နဲ့ဗြိတိန်တို့ကြားက နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးရေးကို သဘောတူနိုင်ပေမယ့် ဉရောပနိုင်ငံတွေအပြင် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ဝင်ခွင့်တွေ ပိတ်ထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP