ပြင်သစ်နိုင်ငံမှာ ၂၄ နာရီအတွင်း ၃၀၆ဦး သေဆုံးပြီးနောက် စုစုပေါင်း သေဆုံးသူ ၂၅,၀၀၀ ကျော်ရှိသွားကြောင်း ကျန်းမာရေးဝန်ကြီးပြော

၅ မေ

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ အများအပြားရှိ ပြီးနောက် သေဆုံးသူ ၂၅,၀၀၀ ကျော်သွားကြောင်း အစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဒေသတွင်းက ဆေးရုံတွေနဲ့ လူအိုရုံတွေမှာ သေဆုံးသူ အများအပြားရှိပြီးနောက် သေဆုံးသူ စုစုပေါင်း ၂၅,၂၀၁ ဉီးရှိသွားကြောင်း၊ (၂၄)နာရီအတွင်းမှာ သေဆုံးသူ ၃၀၆ ဦး ရှိကြောင်း၊ ၃၀၆ ဦး သေဆုံးတဲ့ နေ့မတိုင်မီ တစ်ရက် က ၁၃၅ ဦးသာ သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးက ရှင်းလင်း ပြောဆိုပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် မတ်လ လယ်က စပြီး အသွားအလာပိတ်ဆို့ခဲ့ရာ မေ ၁၁ ရက်နေ့မှာ ပြန်ဖွင့်ပေးဖို့ ရှိနေပါတယ်။ တာဝန်ရှိသူတွေက နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအကြိမ် ပြန်လည် ရောက်လာနိုင်တဲ့အတွက် သတိကြီးကြီးနဲ့ နေသင့်ကြောင်း သတိပေးနေပါတယ်။

 

ရောဂါပိုးရှိသူ ၁၂၃ဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရတဲ့အတွက် အရေးပေါ်ကုသမှုကို လူပေါင်း ၃,၆၉၆ ဦး ခံယူကြောင်း၊ ရောဂါပိုးရှိတဲ့အတွက် သာမန် ဆေးကုသခံယူနေတဲ့ သူ ၂၆၇ ဦးရှိရာ နိုင်ငံတစ်ဝန်းရှိ ဆေးရုံတွေမှာ ဆေးကုသခံယူနေသူပေါင်း  ၂၅,၅၄၈ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN
ကိုးကား - AFP