၁၃ ဩဂုတ်
ပြင်သစ်နိုင်ငံမှာ ဩဂုတ်လ ၁၂ ရက်နေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂,၅၂၄ ဦးနဲ့ သေဆုံးသူ ၁၇ ဦးရှိလာကြောင်း၊ အဲဒီပမာဏဟာ မေလကစပြီး အများဆုံးတွေ့ရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က လူပေါင်း ၆၀၀,၀၀၀ အား ဗိုင်းရပ်စ်ပိုးစစ်ဆေးရာ ၁၁,၆၀၀ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ်လဟာ ပုံမှန်အားဖြင့် ပြင်သစ်နိုင်ငံသားတွေရဲ့ နွေရာသီအားလပ်ရက်ဖြစ်ရာ ကပ်ရောဂါပိုးကူးစက်မှုကို ရှောင်ရှားဖို့အတွက် နေရာတိုင်း၊ အချိန်တိုင်းမှာ လုပ်ဆောင်နေကြောင်း ကျန်းမာရေးဌာနက ပြောပါတယ်။
ဗိုင်းရပ်စ်ပိုး အစုလိုက်တွေ့ရှိသူ ၁၈ ဦးကနေ ဗိုင်းရပ်စ်ပိုးပျံ့နှံ့ရာ နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၉၆ ဦး ဖြစ်လာကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများနေပေမယ့် အထူးကုသဆောင်မှာ ကုသပေးရနှုန်းမှာ ဇူလိုင်လကုန်ပိုင်းကစပြီး ကျဆင်းသွားရာ ၃၇၉ ဦးသာရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၀,၄၀၀ နီးပါးရှိတဲ့အတွက် ဉရောပမှာ ဗြိတိန်နဲ့ အီတလီနိုင်ငံတွေပြီးရင် တတိယမြောက် အများဆုံးဖြစ်ပါတယ်။
MDN
ကိုးကား - AFP