၂၉ အောက်တိုဘာ
ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုထိန်းချုပ်ရန် အသွားအလာကန့်သတ်မှု( lockdown) အမိန့်ထုတ်ပြန်ထားပေမယ့် ပရော်ဖက်ရှင်အားကစားပွဲတွေ ကို ဆက်လက် ကျင်းပခွင့်ပေးမယ်လို့ အားကစားဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။
ထိပ်တန်းအားကစားသမားတွေနဲ့ ပရော်ဖက်ရှင်အားကစားသမားတွေဟာ ဆက်လက်ပြီး လေ့ကျင့်ခန်း လုပ်ခွင့်နဲ့ အားကစားပွဲတွေမှာ ပါဝင်နိုင်ရန် ခရီးသွားခွင့်ရှိကြောင်း အားကစားဝန်ကြီး ရိုဇာနာ မာရာစီနာရူ က ပြောပါတယ်။
သမ္မတ မက်ခရွန်က ဒီဇင်ဘာ ၁ ရက်နေ့အထိ ကြာမြင့်မယ့် lockdown အမိန့်ကြေညာအပြီး နာရီပိုင်းအတွင်းမှာ အားကစားဝန်ကြီးရဲ့ အမိန့်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၃၅,၀၀၀ နီးပါး ရှိတာကိုတွေ့ရပါတယ်။
လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် ပဲရစ်မာစတာတင်းနစ် ပြိုင်ပွဲကို ကျင်းပသွားဖို့ရှိပေမယ့် ပြင်သစ်တင်းနစ်ဖယ်ဒရေးရှင်း (FFT) က အစိုးရဆီကနေ ကျင်းပခွင့်ကို တောင်းခံရမှာ ဖြစ်ပါတယ်။
ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲကို လူဦးရေ ၂၀,၀၀၀ ဆံ့တဲ့ ကွင်းမှာ ပရိသတ်တွေ တက်ရောက်ခွင့်မရှိဘဲ တံခါးပိတ်ကျင်းပမယ်လို့ သိရပါတယ်။ တင်းနစ်ပြိုင်ပွဲရဲ့ ဆုကြေးငွေဟာ ယူရိုငွေ ၄.၃ သန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော် က ကျင်းပခဲ့တဲ့ ပြင်သစ်အိုပင်း တင်းနစ်ပြိုင်ပွဲ မှ ချန်ပီယံဖလား ရရှိထားသူ ကမ္ဘာ့အဆင့် (၂) ရာဖဲလ် နာဒယ်ဟာ အခုပြိုင်ပွဲမှာ ထိပ်တန်းက ပါဝင်မယ့်သူ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP