၂၄ ဇန်နဝါရီ
ပြင်သစ်နိုင်ငံမှာ ကလေးငယ်တွေအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကနေ ကာကွယ်ပေးရန် ဥပဒေကို ပြင်ဆင်မယ်လို့ သမ္မတ အီမန်နျူရယ် မက်ခရွန်က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
စာရေးဆရာမ ခမီးလာကုရှ်နာရဲ့ "La familia grande” စာအုပ်ထဲမှာ စာရေးသူရဲ့ လွန်ခဲ့တဲ့ အနှစ် ၃၀ က အမွှာမောင်လေး နှစ်ယောက်အား ပထွေးဖြစ်သူက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကြောင်း စွပ်စွဲရေးသားထားပါတယ်။ ပထွေးဖြစ်သူဟာ ထင်ရှားတဲ့ နိုင်ငံရေးဆောင်းပါးရှင် အိုလီဗီယား ဒူဟာမဲလ် ဖြစ်ပါတယ်။ အိုလီဗီယား ဒူဟာမဲလ်က ဒီစာအုပ်ဟာ ပုဂ္ဂလိကဆိုင်ရာ တိုက်ခိုက်မှုသာဖြစ်ကြောင်း ပြောဆိုပါတယ်။
စာရေးဆရာမ ခမီးလာ ကုရှ်နာရဲ့ စာအုပ်ထွက်လာပြီး လူပေါင်း ၈၀,၀၀၀ ကျော်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရဖူးတဲ့ သူတို့အတွေ့အကြုံတွေကို ပြီးခဲ့တဲ့ စနေနေ့ကစပြီး ဖွင့်ဟပြောကြားလာတာကို တွေ့ရပါတယ်။
သမ္မတ အီမန်နျူရယ် မက်ခရွန် ခမီးလာ ကုရှ်နာရဲ့ စာအုပ်ပါအကြောင်းအရာကို တိုက်ရိုက်မရည်ညွှန်းပေးမယ့် "အားလုံးက နားထောင်နေကြောင်း၊ အားလုံးက အဖြစ်အပျက်တွေကို ယုံကြောင်း၊ အမြတ်ထုတ်ခံရသူတွေဟာ တစ်ယောက်တည်း ဘယ်တော့မှာ ရှိတော့မှာ မဟုတ်ကြောင်း” ဗီဒီယိုသတင်းစကားကို တွစ်တာမှာ ပို့စ်တင်ထားပါတယ်။
ပြင်သစ်နိုင်ငံမှာ အရွယ်မရောက်သေးသူအား လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်ခဲ့ရင် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံရမယ်လို့ ၂၀၁၈ ခုနှစ်က ပြောင်းလဲသတ်မှတ်ထားပြီး ဖြစ်ပါတယ်။
MDN
ကိုးကား - AFP