ပြင်သစ်နိုင်ငံ၌ ဆန္ဒပြပွဲအတွင်း လူပေါင်း ၂၀ဝ ကျော် ဖမ်းဆီးခံရ

ပါရီ ၁၈ မတ် 

 

အဝါရောင်အင်္ကျီဝတ်   ဆန္ဒပြလှုပ်ရှားမှု၌ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မတ် ၁၆ ရက်တွင် ပါရီရဲများက လူပေါင်း ၂၀ဝ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

တိုင်းပြည်၏ အထိမ်းအမှတ်နေရာဖြစ်သည့် ရှောင်ဇေလီဇောတွင်    ပြုလုပ်သည့်အဝါရောင်    အင်္ကျီဝတ်ဆန္ဒပြမှုတွင် မျက်နှာဖုံးစွပ်ထားသူများက  ပြဿနာများ ဖြစ်ပေါ်လာအောင်ပြုလုပ်ခဲ့ပြီးနောက်   လူပေါင်း  ၂၃၇  ဦးကို  ဖမ်းဆီးခဲ့သည်ဟုပါရီရဲဌာနက ပြောသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ပေါက်

 

အမည်းရောင်အင်္ကျီများကို  ဝတ်ဆင်ခဲ့ပြီး  မျက်နှာဖုံးစွပ်ထားသည့်   အစွန်းရောက်အုပ်စုတစ်စုက    ကျောက်တုံးများ၊ အခြားအရာဝတ္ထုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ပေါက်ခဲ့ကြသည်။  လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း မျက်ရည်ယိုဗုံးများ နှင့် မီးသတ်ပိုက်များ အသုံးပြုကာ လူစုခွဲခဲ့သည်။ လူပေါင်း ၆၀ ခန့်နှင့် ရဲအရာရှိ ၁၇ ဦးခန့်မှာ ဒဏ်ရာရရှိခဲ့ကြသည်။

 

ပြင်သစ်သမ္မတမက်ခရွန်အတွက် ရာဇသံပင်ဖြစ်သည်ဟု  ပြောကြား

 

အဆိုပါဖြစ်ရပ်သည် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြင်သစ်ဝန်ကြီးချုပ်   ဒီရော့ဖိလစ်က      ပြောသည်။  မတ်  ၁၆  ရက်က ပေါ်ပေါက်ခဲ့သည့်  အဝါရောင်အင်္ကျီဝတ်   ဆန္ဒပလှုပ်ရှားမှုကိုဆော်ဩသူက    ယခုဖြစ်ရပ်သည်    ပြင်သစ်သမ္မတမက်ခရွန်အတွက်    ရာဇသံပင်ဖြစ်သည်ဟု    ပြောကြားခဲ့ပြီး    အဆိုပါ ဆန္ဒပြပွဲအတွင်း လူပေါင်း ၃၂၀ဝ ပါဝင်ခဲ့ရာ  ပြီးခဲ့သည့် သီတင်း ပတ်က  ဖြစ်ပွားခဲ့သည့်  ဆန္ဒပြပွဲတွင်မူ လူပေါင်း  ၂၈၆၀ဝ  ခန့်ပါဝင်ခဲ့ကြောင်း  သိရသည်။    

                                

ဆင်ဟွာ