ပါရီ   ဇွန်   ၂၂

ပြင်သစ်နိုင်ငံ၌ ကျင်းပနေသည့် ကမ္ဘာ့အကြီးဆုံး လေကြောင်းပြပွဲ တစ်ခုတွင် တရုတ်ပြည်တွင်းဖြစ် စစ်လေယာဉ်များကို ပြသလျက်ရှိကြောင်း သိရသည်။

အဆိုပါ လေကြောင်းပြပွဲတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများနှင့် အခြားအဖွဲ့အစည်းများအပြင် အခြား နိုင်ငံနှင့် နယ်မြေပေါင်း ၄၇ ခုတို့လည်း ပါဝင်ခဲ့သည်။

ယခုနှစ်တွင်  တရုတ်နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၇၆ ခု ပါဝင် ပြသလျက်ရှိသည်။ အဆိုပါအရေအတွက် သည် ၂၀၂၃ ခုနှစ်တွင် ပြသခဲ့သည့်      အရေအတွက်ထက် နှစ်ဆပိုများကြောင်း   သိရသည်။

ပြသထားသည့် လေယာဉ်မော်ဒယ်များထဲတွင် J-10 တိုက်လေ ယာဉ်နှင့် J-35 တို့သည် နိုင်ငံ၏ နောက်ဆုံးပေါ် ကိုယ်ပျောက်တိုက်လေယာဉ်များဖြစ်သည်။

တရုတ်နိုင်ငံ၏   လေကြောင်းဆိုင်ရာ   ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး အလားအလာရှိသော ပြိုင်ဘက်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း လေကြောင်း   ကုမ္ပဏီတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ကာကွယ်ရေးစက်မှုလုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် နိုင်ငံအများအပြားမှ အခြားကိုယ်စားလှယ်များ သည် တရုတ်လေယာဉ်များကို လှည့်ပတ်ကြည့်ရှုကြပြီး တရုတ်တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၎င်းတို့အတွက် ခိုင်မာသောပြိုင်ဘက်ဖြစ်လာကြောင်း ဥရောပလေကြောင်း လုပ်ငန်းမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်