ပါရီ ဇန်နဝါရီ ၂၀
ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆၄၇၆၉ ဦးထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ရောဂါစတင်ဖြစ်ပွားပြီး နောက်ပိုင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရသည်။
ပြင်သစ်ပြည်သူ့ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ နေ့စဉ်ကူးစက်မှု စံချိန်တင် ခဲ့သည်မှာ ယခင်က ၃၆၈၁၄၉ ဦးသာ ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသူ ၃၈၈၁ ဦးရှိကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ စံချိန်တင်မြင့်တက်နေသည့်အတွက် ကိုဗစ်-၁၉ ရောဂါကြောင့် ရုန်းကန်နေရသည့် ကုမ္ပဏီများကို အစိုးရက အထောက်အပံ့ပေးမည့် အစီအစဉ်နှစ်ရပ်ကိုလည်း ပြင်သစ်ဝန်ကြီးချုပ် ဂျင်းကက်စ်တက်က ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်