၁၁ စက်တင်ဘာ
ပြင်သစ်နိုင်ငံတွင် ဇွန်နှင့်ဇူလိုင်လများအတွင်း အပူလှိုင်းဖြတ်သန်းမှုကြောင့် လူပေါင်း ၁၄၀ဝကျော် သေဆုံးခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။
သေဆုံးသူများ၏ ၇၀ ရာခိုင်နှုန်းမှာ အသက် ၇၅ နှစ်အရွယ် သို့မဟုတ် အသက်အရွယ်ကြီးရင့်နေသူများ ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဂတ်ထ်တောင်ပိုင်းဒေသများတွင် အပူချိန် ၄၅ဒီဂရီစင်တီဂရိတ်အထိ မြှင့်တက်လာခဲ့ပြီး ဇွန်လအတွင်း အပူချိန်အမြင့်ဆုံး စံချိန်တင်ခဲ့သည်။
၁၉၄၇ခုနှစ် အတွင်းကလည်း အပူချိန် ၄၀ ဒသမ ၄ ဒီဂရီမှာ ထိရောက်ရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လအတွင်းက အပူချိန် ၄၂ ဒသမ ၆ ဒီဂရီမှာမူ ပဲရစ်မြို့၏ အပူဆုံးစံချိန်သစ် ဖြစ်သည်။
လူပေါင်း ၁၀ဝ၀ဝ ကျော်မှာ အပူလျှပ်ခြင်းနှင့်အခြားသော အပူနှင့် ဆက်စပ်သော ရောဂါများကြောင့် သေဆုံးခြင်းဖြစ်သည်။ ၂၀ဝ၃ခုနှစ်လောက်ကတည်းကစပြီး အပူနှင့်ပတ်သက်ပြီး အစီအမံများ ပြုလုပ်ထားရန် ပြည်သူများကို ပြင်သစ်အာဏာပိုင်များက သတိပေးလျက်ရှိသည်။
သက်ကြီးရွယ်အိုများအား နေအိမ်များအရောက် စေတနာ့ဝန်ထမ်း ပေးပို့ခြင်းအစီအစဉ်များ ပြုလုပ်ခြင်းနှင့် လူအများ ရေဓာတ်ပြည့်ဝနေစေရန် ဒေသန္တရ အစိုးရက သတိပေးလျက်ရှိသည်။
ပြင်သစ်နိုင်ငံသည် အခြားနိုင်ငံများထက် ယခုနှစ်အတွင်း အပူချိန် ပိုမိုခံစားခဲ့ရသည်။
ကမ္ဘာကြီးပူးနွေးလာမှုကို သတိပေးရာ ရောက်နေကြောင်း ကမ္ဘာ့မိုးလေဝသ အဖွဲ့က ပြောကြားခဲ့သည်။
ဖန်လုံအိမ်ဓာတ်ငွေ့များတိုးမြှင့်ထုတ်လွင့်နေမှုကြောင့် ရာသီဥတုများမှာ အစွန်းရောက်နေကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်