ဒီဇင်ဘာ ၂၇

 

ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ဒီဇင်ဘာ ၂၅ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရေအတွက် အမြင့်မားဆုံး ဖြစ်သည်။

 

ပြင်သစ်ကျန်းမာရေးအာဏာပိုင်များက ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူဦးရေသည်  ဒီဇင်ဘာ ၂၅ ရက်က ၁၀၄၆၁၁ ဦးရှိသည်ဟုအတည်ပြုထုတ်ပြန်ခဲ့သည်။ နေ့စဉ်ရောဂါကူးစက်မှု စံချိန်တင်မြင့်မားခြင်းသည် သုံးရက် ဆက်တိုက်ရှိလာပြီး ကူးစက်သူဦးရေ တစ်သိန်းကျော်ရှိလာခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

 

အီတလီနိုင်ငံတွင်လည်း ရောဂါကူးစက်ဖြစ်ပွားသူ ၅၄၇၆၂ ဦးထပ်မံတွေ့ရှိခဲ့ရာ သုံးရက်ဆက်တိုက် ကူးစက်မှု စံချိန်တင်မြင့်မားလျက်ရှိသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုလျှင်မြန်လာခြင်းကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်လာခြင်း ဖြစ်သည်ဟု ယူဆရသည်။

 

အီတလီအာဏာပိုင်များက နိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာ ၂၄ ရက်ကစတင်ကာ အပြင်သို့ထွက်ပါက ပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန်သတ်မှတ်ထားသည်။ တေးဂီတဖျော်ဖြေပွဲများကဲ့သို့သော လူများပြားစွာတက်ရောက် သည့်ပွဲတော်များကျင်းပခြင်းကိုပယ်ဖျက်ထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို