ဇန်နဝါရီ ၆

 

ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုများ စံချိန်တင်မြင့်တက်ခဲ့သည်။

 

ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၃၃၂၀၀၀ ကျော်ရှိခဲ့ပြီး အီတလီနိုင်ငံတွင်  ၁၈၉၀၀၀ ကျော်ရှိကြောင်း အတည်ပြုထားသည်။

 

အီတလီအစိုးရက အသက် ၅၀နှင့်အထက် အရွယ်ရှိသူများအား ဖေဖော်ဝါရီ ၁၅ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံရန်စီမံချက်ကို ယမန်နေ့က ကြေညာခဲ့သည်။

 

ဝန်ကြီးချုပ် မာရီယိုဒရာဂီက ဆေးရုံတက်ကုသမှုခံယူနိုင်ခြေများပြားသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန်ဆုံးဖြတ်ချက်သည် ဆေးရုံများအပေါ်တွင် သက်ရောက်မည့် အခက်အခဲများကို လျှော့ချပြီးသားဖြစ်သည်ဟု ဆိုသည်။

 

အီတလီနိုင်ငံတွင် ကျောင်းဆရာများ၊ စစ်ဘက်ဆိုင်ရာနှင့် ရဲတပ်ဖွဲ့ဝင်များ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးရန်လိုအပ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို