ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစံချိန်တင်မြင့်တက်

ဒီဇင်ဘာ ၃၀

 

ဥရောပရှိနိုင်ငံအချို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရေအတွက် အမြင့်မားဆုံး ဖြစ်လာသည်။

 

ပြင်သစ်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၀၀၀၀၀ ကျော်ရှိလာသည်။

 

ပြင်သစ်ကျန်းမာရေးဝန်ကြီးအိုလီဗာဗီရန်က တစ်စက္ကန့်လျှင် လူနှစ်ဦး ကိုဗစ်ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည်ဟုဆိုသည်။ ယခုကဲ့သို့ အခြေအနေမျိုးမကြုံဖူးသေးကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

 

ပဲရစ်မြို့ရှိ ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များတွင် ကုသမှုခံယူနေသည့်လူနာ ၇၀ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမခံယူရသေးကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်း ၎င်းကပြောသည်။

 

ဗြိတိန်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၈၃၀၃၇ ဦးရှိရာ စံချိန်တင် ကူးစက်မှုဖြစ်ပွားခဲ့သည်။

 

ကိုဗစ်ရောဂါ ထပ်မံကူးစက်ဖြစ်ပွားမှုအားလုံး၏ ၉၃ ရာခိုင်နှုန်းသည် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု ယူဆရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို