ပြင်သစ် ဧပြီ ၂၄
၂၀၂၂ ပြင်သစ်သမ္မတရွေးကောက်ခံရန်အတွက် လက်ရှိပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် သမ္မတကိုယ်စားလှယ်လောင်း မယ်ရီလီပန်တို့၏ မဲအရေအတွက်တူညီနေသဖြင့် ထပ်မံမဲပေးခြင်းကို ဧပြီ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။
ပြင်သစ်နိုင်ငံအတွင်းရှိ မဲရုံအများစုကို ဒေသစံတော်ချိန် ည ၇ နာရီတွင် ပိတ်သိမ်းခဲ့ပြီး မြို့ကြီးများဖြစ်သည့် ပါရီ၊ လိုင်ယွန်၊ မာဆေးလ် နှင့် ဘော်ဒိုး စသည့်မြို့ကြီးများတွင် ည ၈ နာရီတွင် မဲရုံများကို ပိတ်သိမ်းခဲ့သည်။
ပြင်သစ်နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်များမှာ ၎င်းတို့၏ မဲလက်မှတ်များကို ဧပြီ ၂၃ ရက်က ဆန္ဒမဲပေးပြီးဖြစ်သည်။ ဧပြီ ၂၀ ရက်က ရုပ်မြင်သံကြားတစ်ခုတွင် စကားစစ်ထိုးပွဲပြုလုပ်ပြီးနောက် လက်ရှိပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန်သည် သမ္မတ ရွေးကောက်ပွဲထပ်မံမဲပေးခြင်း၌ ဦးဆောင်အနိုင် ရမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းခဲ့သည်။
ဧပြီ ၂၄ ရက် နေ့လယ်ပိုင်းအထိ ပြင်သစ်သမ္မတ ရွေးကောက်ပွဲဆန္ဒမဲပေးမှုနှုန်းမှာ ၂၆ ဒသမ ၄၁ ရာခိုင်နှုန်းရှိပြီး ပထမတစ်ကျော့ မဲပေးမှုနှုန်းထက် အနည်းငယ်ပိုများကြောင်း၊ သို့သော်လည်းမွန်းတည့်ချိန်တွင် မဲပေးမှုနှုန်းမှာ ၂၀၁၇ သမ္မတ ရွေးကောက်ပွဲ၏ ဒုတိယအကျော့ မဲအရေအတွက် ၂၈ ဒသမ ၂၃ ရာခိုင်နှုန်းထက် လျော့နည်းနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ပြင်သစ်သမ္မတရွေးကောက်ပွဲ ပထမအကျော့ နှင့် ဒုတိယအကျော့အတွက် မဲပေးရန် ၃၂၈ ဦးမှာ ရွေးကောက်ပွဲအတွက် မဲစာရင်းပေးသွင်းခဲ့ကြောင်း အာဘနီမြို့၏ မြို့တော်ဝန် ဒန်နီရယ်ဂရက် က ဆင်ဟွာသို့ ပြောကြားသည်။
ဧပြီ ၂၄ ရက် မွန်းတည့်ချိန်အထိ မဲပေးသူအရေအတွက်မှာ ၁၅၀ ရှိသော်လည်း ပထမ အကျော့မဲပေးချိန် နေ့လယ်ပိုင်းကထက် မဲပေးသူအရေအတွက် ပိုများကြောင်း မြို့တော်ဝန် ဒန်နီရယ်ဂရက် က ဆက်လက်ပြောကြားသည်။
ပြင်သစ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ထုတ်ပြန်ကြေညာချက်အရ ပြင်သစ်သမ္မတ ရွေးကောက်ပွဲအတွက် ပထမအကျော့ မဲရလဒ်အနေဖြင့် မက်ခရွန်၏ တရားဝင်မဲအရေအတွက်မှာ ၂၇ ဒသမ ၈၅ ရာခိုင်နှုန်းရှိပြီး လီပန်၏ တရားဝင် မဲအရေအတွက်မှာ ၂၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွင်း မက်ခရွန်မှာ မဲအရေ အတွက် ၆၆ ဒသမ ၁၀ ရာခိုင်နှုန်းမဲရရှိမှုနှင့်အတူ သမ္မတရွေးကောက်ခံရသည့် အချိန်ကလည်း မက်ခရွန်နှင့် လီပန်တို့သည် ပြင်သစ်သမ္မတ ရွေးကောက်ပွဲအတွက် ဒုတိယအကျော့ ထပ်မံ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ