ဒမတ်စကတ်   ဇူလိုင်   ၇

ပြင်သစ်သမ္မတ  အီမန်နျူရယ်မက်ခရွန် ဆီးရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ်  မြို့တော် ဒမတ်စကတ်အလယ်ပိုင်းတွင်  ဇူလိုင် ၇ ရက်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး  ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပေါက်ကွဲမှုများမှာ သမ္မတ  မက်ခရွန် တည်းခိုရာနေရာအတွက် သတ်မှတ်ထားသည့်   လုံခြုံရေးစည်းအပြင်ဘက်တွင်   ဖြစ်ပွားခဲ့ခြင်းကြောင့် သမ္မတတည်းခိုရာနေရာ သို့မဟုတ်  တရားဝင်ခရီးစဉ်အ‌ပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုမရှိခဲ့ကြောင်း၊  ခရီးစဉ်ကို အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိခိုက်ဒဏ်ရာရရှိသူများတွင် ရဲအရာရှိ လေးဦးပါဝင်ကြောင်း သိရသည်။

ဆင်ဟွာ