ပြင်သစ်တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်

၂၂ ဇွန်

 

 

ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရုပ်ရှင်ရုံများကို သုံးလကြာ ပိတ်ထားခဲ့ပြီးနောက်  ယခုအခါ ပြန်လည် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

 

 

ပြင်သစ်နိုင်ငံရှိ ရုပ်ရှင်ရုံပေါင်း စုစုပေါင်း ၆၀ဝ၀ရှိသည်။

 

 

ကမ္ဘာပေါ်တွင် ပြင်သစ်နိုင်ငံသည် ရောဂါကူးစက်မှု စတုထ္တမြောက် အများဆုံးနိုင်ငံ ဖြစ်သည်။

 

 

ပြင်သစ်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန်အတွက်  မတ်လအတွင်းက ရုပ်ရှင်ရုံများကို ပိတ်ထားခဲ့သည်။

 

 

မတ်လကတည်းက ပြင်ပလှုပ်ရှားမှုများနှင့် အခမ်းအနားများအတွက် ကန့်သတ်မှုများကို တဖြည်းဖြည်း ဖြေလျော့ပေးမှုများ ပြင်သစ်အစိုးရက ပြုလုပ်ခဲ့သည်။

 

 

ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် ဇွန်လ ၂၂ ရက်နေ့တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်အစိုးရက ပြောကြားခဲ့သည်။

 

 

ပဲရစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံသည် သန်းခေါင်ယံအချိန်အထိ ပြသခဲ့သည်။

 

 

ပရိတ်သတ် ၁၂၀ အတွက် ထိုင်ခုံပြုလုပ်ပေးခဲ့ရသည်ဟု ဆိုသည်။

 

 

အဆိုပါ ရုပ်ရှင်ကြည့်သူများကို သတ်မှတ်အကွာအဝေးတွင် ထားရှိခဲ့ပြီးနောက် ရုပ်ရှင်ရုံရှိ ဝန်ထမ်းများကို  နှာခေါင်းစည်းများ ဝတ်ဆင်စေခဲ့သည်။

 

 

ပဲရစ်မြို့မှ အသက် ၄၀ အရွယ် အမျိုးတစ်ဉီးကမူ သူမအနေဖြင့် ရုပ်ရှင်ကြည့်ရန်အတွက် သုံးလလောက် စောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။

 

 

အိမ်အတွင်း ရုပ်ရှင်ကြည့်ခြင်းနှင့် ရုပ်ရှင်ရုံတွင် ကြည့်ရှုရခြင်းတို့မှာ ကွာခြားကြောင်း သူမက ပြောကြားခဲ့သည်။

 

 

ပရိတ်သတ်များ အနေဖြင့် ရုပ်ရှင်ရုံများတွင် ပျော်ရွှင်ရသည့် ခံစားမှုများကို ယခုအခါ ပြန်လည်ခံစားနိုင်ပြီဖြစ်ကြောင်း လူးဝစ်မာရယ် ပူးတွဲရုပ်ရှင်ရုံပိုင်ရှင်ဖြစ်သူက ပြောကြားခဲ့သည်။

 

 

ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ထိန်းချုပ်မှုအောက်တွင် ရှိနေသေးပေမယ့်လည်း အားကစားကွင်းများနှင့် မြင်းပြိုင်ကွင်းများကို ဇူလိုင်လ ၁၁ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်မည်ဟု အစိုးရက ပြောကြားခဲ့သည်။ သို့သော်လည်း ကြည့်ရှုသည့် ပရိတ်သတ် အရေအတွက်ကို လျှော့ချမည်ဟု ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်