၁၈ ဇွန်
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ရွှေ့ဆိုင်းထားခဲ့သော ပြင်သစ်တင်းနစ်ပြိုင်ပွဲကြီးကို စက်တင်ဘာ ၂၇ ရက်နေ့မှစတင်ကာ အောက်တိုဘာ ၁၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။
အားကစားပြိုင်ပွဲကြီးလေးခုအနက် တစ်ခုဖြစ်သော တင်းနစ်ပြိုင်ပွဲကို မေ ၂၄ ရက်တွင် စတင်ကျင်းပရမည် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများ ဖြစ်ပွားခဲ့သဖြင့် ရွှေ့ဆိုင်းခဲ့ရသည်။
အမေရိကန် တင်းနစ်ပြိုင်ပွဲကို ဩဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
ထိုပြိုင်ပွဲအပြီး သီတင်းပတ်နှစ်ပတ် အကြာတွင် ပြင်သစ်တင်းနစ်ပြိုင်ပွဲကို ကျင်းပမည်ဟု အစီအစဉ်အသစ် ရေးဆွဲထားသည်။
အဆိုပါ တင်းနစ်အားကစားကွင်းရှိ လူအားလုံး၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အစိုးရနှင့်ပူးပေါင်းပြီး ကောင်းမွန်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြင်သစ်တင်းနစ်အဖွဲ့ချုပ်က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးတင်းနစ်ပြိုင်ပွဲကို အီတလီနိုင်ငံတွင် ဩဂုတ် ၃ ရက်နေ့၌ ပွဲကြည့်ပရိသတ်များ မပါပဲ စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့် အမျိုးသား တင်းနစ်ပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စုတွင် ဩဂုတ် ၁၄ ရက်နေ့၌ ပရိသတ်များမပါပဲ ပြန်လည်ကျင်းပမည် ဖြစ်ပြီး ပုံမှန်ထက်နည်းပါးမည် ဖြစ်ကြောင်း ထိုအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
