နိုဝင်ဘာ ၂၃
ပြင်သစ်ဝန်ကြီးချုပ် ဂျင်းကာတက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ပြင်သစ်မီဒီယာက ယမန်နေ့က ဖော်ပြထားသည်။
ဘယ်လ်ဂျီယံ နိုင်ငံဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီကူးနှင့်တွေ့ဆုံပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှပြန်လာပြီးနောက် ၎င်း၏သမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟု လီဖီဂရိုတွင် ဖော်ပြချက်အရ သိရသည်။
ဒီကူးသည် နိုဝင်ဘာ ၂၄ ရက်တွင် စမ်းသပ်စစ်ဆေးမှု ခံယူမည်ဖြစ်ပြီး ယင်းရလဒ်ထွက်သည့်တိုင် သီးခြားခွဲ နေထိုင်သွားမည် ဖြစ်သည်။
ဘယ်လ်ဂျီယံအစိုးရ အဆင့်မြင့်အဖွဲ့ဝင်များအနေဖြင့်လည်း ရောဂါကူးစက်မှု မဖြစ်ပွားစေရန် သီးခြားနေထိုင်သွားမည်ဟု ဆိုသည်။
ပြင်သစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီ၊ ပြည်ထဲရေးဝန်ကြီး ဂီရာဒါမန်း၊ တရားရေးဝန်ကြီး အီရစ်ဒူပွန်မိုတီနှင့် ဉရောပရေးရာ နိုင်ငံခြားရေးဝန်ကြီး စီမန့်ဗျူနီတို့ ပါဝင်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို