ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကို ဘယ်လို ကာကွယ်ကုသမလဲ

နေပြည်တော် ၂၈ မတ် 

ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး (ရိုတာဗိုင်းရပ်စ်)သည် တစ်နှစ်အောက် ကလေးများနှင့် ကလေးငယ်များတွင် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေသော အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါသည်။ 

ရိုတာဗိုင်းရပ်စ်ပိုးသည် မစင်မှတဆင့် ပါးစပ်သို့ ဝင်ရောက်သော နည်းလမ်းဖြင့် ကူးစက်ပျံ့နှံ့ နိုင်ပါသည်။ 

ရောဂါပြင်းထန်သောအခါ ထိရောက်သော ကုသမှုများ လျင်မြန်စွာ မပြုနိုင်ပါက၊ သွေးလန့်ခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်နိုင်ပါသည်။ ရိုတာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးတိုက်ခြင်းဖြင့် ရိုတာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ပြင်းထန်ဝမ်းလျှောရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။  

၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ရိုတာဗိုင်းရပ်စ်ပိုးကာကွယ်ဆေးအား ကလေးငယ်များကို အသက် (၂) လနှင့် (၄)လတွင် နှစ်ကြိမ်တိုက်ကျွေးခြင်းဖြင့် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်တွင် စတင်ထည့်သွင်းသွားမည် ဖြစ်ပါသည်။  

အသက်(၂)နှစ်ကျော်သော ကလေးများကို ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးရန်မလိုပါ။ 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။ 

MDN