ပင်းတယ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်( တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းကျဆင်းရေးအတွက် ပင်းတယမြို့ ယာယီဈေး၌ ဟင်းသီးဟင်းရွက်များ ရောင်းချသည့် ဈေးရောင်းသူများအနေဖြင့် သတ်မှတ်ထားသည့်ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ရှိစေရေးအတွက် ပင်းတယမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစည်သူဝင်း နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကြတ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ကြပ်မတ်စစ်ဆေးဆောင်ရွက်ရာတွင် ဈေးရောင်းဈေးဝယ်များမှ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/ မရှိ၊ ယာယီဈေး၌ရောင်းချစည့် ဈေးသည်များကို နံနက်(၆)နာရီမှ စတင်၍ ဈေးရောင်းချခွင့် ပြုထားပြီး ဖြစ်သော်လည်း ဈေးသူ/ဈေးသားများမှာ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လိုက်နာမှုရှိ/မရှိ ကြည့်ရှု့စစ်ဆေးပြီးနောက် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဉပဒေ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဉပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးထွေး


