ပင်းတယ  ၂  ဇွန်    

 

ရှမ်းပြည်၊ တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးမှုနှင့် ပတ်သက်၍‘’ ကျမတို့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ ရည်ရွယ်ချက်နှင့်စည်းမျဉ်းစည်းကမ်းများအတိုင်း ချေးငွေများ ကို ထုတ်ချေးပေးလျက်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်မှာပင်းတယမြို့နယ်ရှိကျေးရွာအုပ်စု ၂၄ အုပ်စုမှ တောင်သူ ၂၅၀၀ ၏ စပါးစိုက်ဧက ၉၆၆ ဧက ၊ အခြားသီးနှံ ၂၂၅၆ ဧက စုစုပေါင်းမိုးရာသီ သီးနှံ စိုက်ဧက ၁၁၉၂၀   အတွက် စုစုပေါင်းစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၆၇၅၂၀၀၀၀ဝ ကို လျာထား ချက်အတိုင်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

 

“ယခုလို   ချေးငွေထုတ်ချေးတဲ့ကာလမှာလည်း လတ်တလော ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေတဲ့ ကာလဖြစ်တဲ့အတွက် မိမိဘဏ်ခွဲမှ ဝန်ထမ်းများ နှင့်တောင်သူများရဲ့ကျန်းမာရေးအတွက် အလေးထားပြီး လူစုလူဝေး မဖြစ်စေရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း စနစ်တကျဆောင်ရွက်ပြီးချေးငွေများကိုထုတ်ချေးပေးလျက်ရှိပါတယ်’’ ဟု မြို့နယ်မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်မို့မို့အေးက ပြောကြားသည်။

 

ခင်မျိုးနွယ်(ပင်းတယ)