ပင်းတယ  ၂၀ ဧပြီ     

 

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး ထိန်းချုပ်ရေးကာလတွင် ဈေးသည်များနှင့် ဈေးဝယ်သူများ နီးကပ်စွာ ဝယ်ယူမှု မရှိစေရန်နှင့် လူစုလူဝေး မဖြစ်စေရန်အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရွှေဉမင်ဘုရားတောင်ခြေ၌  ယာယီဈေးအဖြစ် ဖွင့်လှစ်ထားမှုအား ဒေသဉီးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများများက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဒေသဉီးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီဈေးအား လှည့်လည်ကြည့်ရှု့၍ ဈေးဝယ်လာသူများ စိတ်လက်သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် လုံခြုံရေး အထူးဂရုပြုပေးနိုင်ရန်၊ ဈေးပတ်ဝန်းကျင် မြင်သာသည့်နေရာများတွင် ကျန်းမာရေး အသိပညာပေး ပိုစတာများ ချိတ်ဆွဲထားရန်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ 

 

ယင်းနောက် အဆိုပါဈေးသို့ လာရောက်ရောင်းချ/ ဝယ်ယူသူများကို ဈေးအတွင်းသို့ မရောက်မီ ကိုယ်ပူချိန်တိုင်းခြင်း ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များ အသုံးပြုရန်အတွက် လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းနှင့် လက်အိတ်များအပြင် ဈေးသည်များနှင့် ဈေးဝယ်လာသူများအတွက်လည်း နှာခေါင်းစည်း နှင့် လက်အိတ်များ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)