ပင်းတယမြို့နယ် သမဝါယမအသင်းစုက စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးရောင်းချ

နေပြည်တော်   ၅  မေ

 

ယခုအခါ မိုးရာသီစိုက်ပျိုးချိန် ရောက်ရှိတော့မည်ဖြစ်သည့်အတွက် မြေယာပြုပြင်ခြင်း၊ ထွန်ယက် ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ပင်းတယမြို့နယ် သမဝါယမအသင်းစု၊ အခြေခံသမဝါယမ အသင်းများနှင့် အင်းငယ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းတို့က အသင်းသားတောင်သူများ လိုအပ်လျက်ရှိသော စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် စပါးမျိုးစေ့မျိုးစုံ၊ ပြောင်းမျိုးစေ့မျိုးစုံ၊ ဓာတ်မြေသြဇာအမျိုးမျိုး၊ မြေအောင်းပိုးသတ်ဆေးများ၊ စုစုပေါင်း (၁၅)မျိုးကို ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်