ပင်းတယ   ၁၅  ဇန်နဝါရီ   

 

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ သုတ/ရသ စာအုပ်များကို အခမဲ့ ငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။

 

7

 

ထိုသို့စာအုပ်များကို အခမဲ့ ငှါးရမ်းပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကျားကုန်းကျေးရွာ အခြေခံပညာကျောင်းနှင့် အထက(ကြိုသက်)ကျောင်းတွင် သုတ/ရသ စာအုပ် စုစုပေါင်း ၁၈၄ အုပ် နှင့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကလောမြို့နယ် မြေခြားကျေးရွာ အခြေခံပညာကျောင်းနှင့် ပွေးလှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် သုတ/ရသ စာအုပ်စုစုပေါင်း ၁၈၄ အုပ်ကို ငှားရမ်းပေးခဲ့ပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များ လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

8

 

ခင်မျိုးနွယ်(ပင်းတယ)