ပင်းတယ ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁) ရက်၌ စတင်ကျင်းပခဲ့ပြီး ယခု ဇွန်လ ၁၇ ရက်နေ့၌ တက္ကသိုလ်စာမေးပွဲ အောင်စာရင်းများအား သက်ဆိုင်ရာ ကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ရာ ပင်းတယမြို့နယ်အနေဖြင့် အောင်ချက် ရာခိုင်နှုန်း ၄၇.၁၉ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှးရုံးမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာတွဲအလိုက် ဝင်ရောက်ဖြေဆိုသူ ၇၁၂ ဦး ရှိပြီး အောင်မြင်သူ (၃၃၆) ဦး၊ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၃၁၀) ဦးရှိကြောင်း သိရသည်။
ပင်းတယ (ခရိုင် ပြန်/ဆက်)