ပင်းတယ မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ (၆၈)ကြိမ်မြောက် သာသနာဟိတ ပရိယတ္တိအာဂုံစာပြန်ပွဲတော်ကြီးကို မေ ၂၇ ရက် နံနက်ပိုင်းက စတင်ကျင်းပသည်။
ရှေးဦးစွာ ပင်းတယမြို့နယ် ကြေးတွင်းကုန်းကျောင်း ဆရာတော်က ဇေယျသိဒ္ဓိ အခါတော်ကြား လျှောက်ထားလွှာ ဂါထာတော်ကို ဖတ်ကြားပြီး (၆၈)ကြိမ်မြောက် သာသနဟိတ ပရိယတ္တိ အာဂုံစာပြန်ပွဲတော်ကြီးကို ထီးဖြူတော်ဖွင့်မိုး၍ ဖွင့်လှစ်ပေးသည်။ အဆိုပါ စာပြန်ပွဲတော်ကြီးတွင် မူလ(က)၊ မူလ(ခ)၊ ပထမ၊ ဒုတိယ ၊ တတိယ၊ စတုတ္ထ၊ ပဉ္ဓမနှင့် ဆဋ္ဌမ အတန်းလိုက် ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် မူလတန်းအဆင့်မှ ဆဋ္ဌမအတန်းထိ ဝင်ရောက်ဖြေဆိုသည့် သံဃာတော် စုစုပေါင်း ၂၉၅ ပါးရှိကာ စာပြန်ပွဲတော်ကြီးအား မေ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အောင်လက်မှတ် ပေးအပ်သည့် ဆုနှင်းသဘင် အခမ်းအနားကို မေ ၂၉ ရက် (ကဆုန်လကွယ်)နေ့တွင် အဆိုပါ မြို့နယ်ဓမ္မာရုံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)