ပင်းတယ   ဖေဖော်ဝါရီ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်  တောင်ရှည်ကျေးရွာအုပ်စု  သပြေကုန်းကျေးရွာ မျိုးစေ့ခြံတွင် စိုက်ပျိုးထားသည့် ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း    သိရသည်။

ပင်းတယမြို့နယ်အတွင်း စားသုံးဆီဖူလုံနိုင်စေရေး၊ အထွက်နှုန်းတိုးတက်စေရေးတို့အတွက် အပင်ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းတတ်စေရန်နှင့် စိုက်ပျိုးရေးနည်းစနစ်များ  မှန်ကန်စွာအသုံးချတတ်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးလုပ်ငန်းများ စဉ်ဆက် မပြတ်  ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်အတွင်း နေကြာမျိုးစေ့များ လုံလောက်စွာဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ယခုနှစ်ဆောင်းရာသီ ရေဆင်းစပ်မျိုး နေကြာ - ၁(မျိုးစေ့ထုတ်) စိုက်ခင်း   ၀၆ ဒသမ ၀၀  ဧကကို အောက်တိုဘာလ ၂၄ ရက်က စတင်စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးနည်းစနစ်မှာ R လိုင်း-၁-A လိုင်း-၃ စနစ်ဖြင့် စိုက်ပျိုး ခဲ့ကြောင်းနှင့်   ရရှိလာသည့် နေကြာမျိုးစေ့များအား  တောင်သူများထံ  ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။                                                      

အောင်ကိုဦး(ပြန်/ဆက်)