ပင်းတယ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျုံးကျေးရွာတွင် ၂၀၂၁ခုနှစ်၊ ဆောင်းရာသီ၊ ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်ခြင်း လုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက၊ အောက်တိုဘာဒုတိယအပတ်၌ ကျုံးကျေးရွာအုပ်စုရှိ တောင်သူပညာပေး (knowledge Center) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရခြင်းမှာ မြို့နယ်အတွင်းရှိ၊ တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့် ၊ မျိုးစေ့များ ထုတ်လုပ်တတ်စေရန်အတွက် မျိုးစေ့ထုတ်နည်းပညာများသိရှိစေရန်၊ မျိုးကောင်း မျိုးသန့်၊ မျိုးစေ့များ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်စေရန်နှင့် နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးခြင်းအားဖြင့် ဆီပိုမို ထွက်ရှိလာ၍ မြို့နယ်အတွင်း ဆီဖူလုံရုံသာမက ပိုလျှံလာပါက အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းဖြင့် တောင်သူများအနေနဲ့ ဝင်ငွေများ တိုးတက်လာစေရန် ရည်ရွယ်၍ နေကြာမျိုးစေ့ ထုတ်လုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။ 

၂၀၂၀ခုနှစ်၊ မိုးရာသီနှင့် ၂၀၂၁ခုနှစ် မိုးရာသီတို့တွင် ပင်းတယမြို့နယ်အတွင်းရှိ တောင်ရှည် ကျေးရွာအုပ်စု၊ သပြေကုန်း တောင်သူ ပညာပေး (knowledge Center ) တွင်လည်း မျိုးစေ့ထုတ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း   ပင်းတယမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ပင်းတယ(ပြန်/ဆက်)